ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့များ၏ ဦးဆောင်နာယက၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဒေါက်တာဦးစိုးလွင်သည် အဖ ဦးသန်းအောင်၊ အမိ ဒေါ်ဝင်းမေတို့မှ ၁၉၅၈ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး၊ ၁၉၈၂ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိခဲ့ပါသည်။

          ဆရာကြီးသည် ၁၉၈၉ – ၉၀ ခုနှစ်တွင် မင်းကွန်းဆရာတော်ကြီး တည်ထောင် ဖွင့်လှစ်ခဲ့သော နန်းရှေ့ မန္တလေး ဇီဝိတသံဃာ့ဆေးရုံ၌ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၉၁ ခုနှစ်တွင် ဒေါ်ရွှေရည်လှနှင့် အိမ်ထောင်ပြု၍ သမီး မထူးရည်လွင် ထွန်းကားခဲ့ပါသည်။ ဆရာဒေါက်တာဦးစိုးလွင်သည် အိမ်ထောင်ကျပြီးနောက် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် နေထိုင်ခဲ့ပါသည်။

          ဆရာကြီးသည် ၁၉၉၀-၉၁ မှစ၍ ဓမ္မစာပေများကို ဖတ်ရှုလေ့လာခဲ့ပါသည်။ မင်းကွန်းဆရာတော်ကြီး၊ စွန်းလွန်းဆရာတော်ကြီး၊ ဝေဘူဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီး၊ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး၊ ပခုက္ကူဆရာတော်ကြီး (အနိစ္စဆရာတော်)၊ ဖားအောက်တောရ ဆရာတော်ကြီးတို့၏ တရားဓမ္မများကို လေ့လာမှတ်သားခဲ့သည်။ ထို့ပြင် လယ်တီဆရာတော်ကြီး၏ ဒီပနီပေါင်းချုပ်နှင့် ဘုရားရှင် ဟောကြားတော်မူခဲ့သော ဆဋ္ဌသံဂါယနာတင် ပိဋကတ်သုံးပုံ ပါဠိတော် (မြန်မာပြန်) တို့ကိုပါ ဆက်လက် ဖတ်ရှုလေ့လာခဲ့ပါသည်။

          ၂၀၀၄ ခုနှစ်တွင် စာဓမ္မအမြင်မှ ခန္ဓာဓမ္မအမြင်ရောက်အောင် လက်တွေ့ ၀ိပဿနာတရားအလုပ်ကို စတင်၍ နှလုံးသွင်း အားထုတ်ခဲ့ပါသည်။ ၂ဝဝ၆ ခုနှစ်တွင် မန္တလေးနှင့် ရန်ကုန်မြို့တို့၌ သူငယ်ချင်းများကို ဝိပဿနာနှင့် ပတ်သက်သော အခြေခံ သဘောတရားများကို စတင် ဆွေးနွေးပြောကြားသည်။  ၂ဝဝ၉ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ် (၇၆-၈၂ ) စာသင်နှစ်၏ (၁၀) ကြိမ်မြောက် အာစရိယပူဇော်ပွဲ၌ “ဓမ္မလမ်းကို လျှောက်ကြမယ်” ခေါင်းစဉ်ဖြင့် ဓမ္မစာစုကို စတင် ရေးသား၍ ဆရာ၊ဆရာမတို့ကို ဓမ္မနှင့် ပူဇော်ကန်တော့ရင်း သူငယ်ချင်းတို့ကိုလည်း ဓမ္မလမ်းပေါ်ရောက်အောင် ခေါ်ဆောင်ခဲ့သည်။

          ၁၉၇၆- ၈၂ ခုနှစ် စာသင်နှစ် ဆေးတက္ကသိုလ် (မန္တလေး)တွင် တက်ရောက်သင်ကြားခဲ့သော သူငယ်ချင်း ဆရာဝန်တစ်စု၏ ထူးခြားမှုတစ်ခုမှာ အသက်အရွယ်ရလာသည်နှင့်အမျှ တရား ဘာဝနာဘက်ကိုလည်း တဖြေးဖြေး ရောက်လာခဲ့ကြပြီး ဓမ္မကို စိတ်ဝင်စားသူ သူငယ်ချင်းများ စုပေါင်းကာ “၀ိသုဒ္ဓိမဂ်ဓမ္မလမ်း၀ိပဿနာအဖွဲ့” ကို တည်ထောင်နိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

          ဆရာကြီး၏ ၀ိပဿနာသာသနာပြုလုပ်ငန်းများကြောင့် ၂၀၂၀ ခုနှစ်တွင် နိုင်ငံတော်မှ “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ကို ဆရာကြီးအား ဆပ်ကပ်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Search

Popular Posts

  • ဗုဒ္ဓဖွားတော်မူ နောက်ခံသမိုင်း
    ဗုဒ္ဓဖွားတော်မူ နောက်ခံသမိုင်း

    ဖွားမြင်တော်မူရာ နေရာ ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသား ကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ…

  • ဘုရားရှင်ပွင့်တော်မူခြင်း
    ဘုရားရှင်ပွင့်တော်မူခြင်း

    ဗုဒ္ဓဘုရားရှင်၏ ဉာဏ်အလင်းရရှိခြင်း သို့မဟုတ် ဗုဒ္ဓပွင့်တော်မူခြင်း (သဗ္ဗညုတဉာဏ်ရရှိခြင်း) သည် ဗုဒ္ဓဘာသာ၏ အဓိကဖြစ်ရပ်တစ်ခုဖြစ်ပြီး၊ ဤဖြစ်ရပ်သည် ဘုရားရှင်၏…

  • ဘုရားရှင်တရားဦးဟောတော်မူခြင်း
    ဘုရားရှင်တရားဦးဟောတော်မူခြင်း

    ဗုဒ္ဓဘုရားရှင်၏ **တရားဦးဟောတော်မူခြင်း** (ပထမဓမ္မဒေသနာ) သည် ဗုဒ္ဓဘာသာတွင် အလွန်အရေးပြီး၊ ဘုရားရှင်အဖြစ်သို့ ရောက်ရှိပြီးနောက် သစ္စာတရားကို လူသားများအား…

Categories